Sunday, September 25, 2011

မှတ်ဖွယ်ရာရာ ထိုထိုစာ

၁၉၂၀ အစပိုင်းမှာ George Orwell က မန္တလေးမှာ ရောက်နေတယ်။ Eton ကနေ ကျောင်းပြီးတာနဲ့ အင်ပါယာပုလိပ် တပ်ဖွဲ့ ထဲကို ဝင်လိုက်ခါစ ပေါ့။ အဲဒီဒေသ တဝိုက်မှာ ကျက်စားနေတဲ့ လူဆိုးဂိုဏ်းတွေရဲ့ သတင်းတွေကို လိုက်စုနေရတာ များပါတယ်။ ( India Empire ထဲမှာတော့ မြန်မာက ရာဇဝတ်မှု အများဆုံးဆိုတဲ့ ထဲမှာပါတယ်၊ တချို့ကတော့ ဘုန်းကြီးကျောင်း ပညာရေး စံနစ် မရှိတော့လို့ ဖြစ်တာ လို့ဆိုတယ်၊ တချို့ကတော့ မြန်မာတွေကို က စရိုက်ကြမ်းတာ လို့ ဆိုတယ်)။ သူကတော့ မန္တလေးကို အတော့်ကို မနေသင့်တဲ့ နေရာလို့ ပြောဖူးတယ်။
“ဖုံကလည်း ထူ၊ ပူလိုက်တာကလည်း မနေနိုင်အောင်ပဲ၊ အပေါဆုံးကတော့ P ငါးလုံးပဲ ။ P ငါးလုံးဆိုတာ ဘုရား၊ ကလေကချေ၊ ဝက်၊ ဘုန်းကြီး နဲ့ ဖါသည် ( pagodas, pariahs, pigs, priests and prostitutes )ပေါ့”

Where China meets India ( Pg-46 )

သူတို့ရဲ့ အရှေ့ဖျား အင်ပါယာ တခုလုံး ရုတ်ချည်းဆိုသလို ပြိုကြသွားတာဟာ ဗြိတိသျှ တွေအတွက်တော့ မဟာအရှက်တော်ကွဲတာပဲ။ ဒါနဲ့ မြန်မာပြည်၊ ပြီးရင် မလေးယား၊ စင်္ကာပူ တွေကို ဆက်တိုက်ပြန်သိမ်းဖို့ အစီအစဉ်တွေ ဆွဲကြပါရော။ အိန္ဒိယ မြန်မာ နယ်စပ် မြေအနေအထားက ကြမ်းလွန်းတော့ အိန္ဒိယ ဘက်ကနေ ကုန်းကြောင်း ဝင်တိုက်ဖို့ စဉ်းစားတဲ့သူ သိပ်မရှိဘူး၊ အများစု ဗြိတိသျှ စစ်ဗိုလ်တွေက ရန်ကုန်ကို ကြည်းရေ နှစ်ဘက် ညှပ် တိုက်ဖို့ကို ပိုသဘောကျကြတယ်။ ၁၈၂၄ တုန်းက မြန်မာဘုရင်ကို အငိုက်မိသွားစေတဲ့ အရှေ့အိန္ဒိယ ကုမ္ပဏီ ရဲ့ ရန်ကုန်သိမ်းတိုက်ပွဲ တကျော့ပြန်ပေါ့လေ။ ဒါပေမယ့် အမေရိကန်ရဲ့ လေယဉ်တွေ၊ ရေကြောင်းပို့ဆောင်ရေး တွေ မပါပဲနဲ့ ဘာမှ သိပ်လုပ်နိုင်မှာ မဟုတ်တော့ Winston Churchill လည်း မဟာမိတ်တပ် အကူအညီကို အတင်းတောင်းရတော့တယ်။ဒါပေမယ့် အမေရိကန်တွေကတော့ စိတ်မဝင်စားပါဘူး။ အိန္ဒိယ က လွတ်လပ်ရေး လိုချင်နေတာကို ကိုယ်ချင်းစာနိုင်တဲ့ Roosevelt ကိုယ်တိုင်က တောင်၊ မြန်မာကိုကျတော့ ပက်ပက်စက်စက် မြင်နေတယ်။ သူက Churchill ကို ပြောတယ်၊
“ မြန်မာပြည်ကော၊ မြန်မာလူမျိုးကိုကော ကျုပ် နည်းနည်းမှ ကြည့်လို့ ရတာ မဟုတ်ဘူး၊ ခင်ဗျားတို့တွေလည်း နှစ်ငါးဆယ်လောက် ဒီကောင်တွေနဲ့ ရွာပတ်နေတာ မဟုတ်လား။ ကျုပ်ဖြစ်စေချင်တာကတော့ ခင်ဗျားတို့ အဲဒီကောင်တွေ အကုန်လုံးကို ဒယ်အိုးထဲထည့်၊ ရိုင်ပတ်ကာပြီး ဒီကောင်တွေ အဆီနဲ့ ပြန်ပြီး ဒီကောင်တွေကို ပြုတ်ကျော် လုပ်ပစ်ဗျာ”.
Where China meets India ( Pg-61-62 )


Thant Myint-U

No comments:

Post a Comment