Wednesday, March 27, 2013

မူဆလင် ရခိုင်ဘုရင် ရှိသလား


Buddhist or Muslim Rulers?

Models of Kingship in Arakan (Western Burma) in the Fourteenth to Fifteenth Centuries

By Michael W. Charney

 

          ရိုဟင်ဂျာ ဆိုသူတွေက ရှေးဟောင်းရခိုင်ပြည်မှာ မူဆလင် အားကောင်းတယ်၊ တချို့ရခိုင်ဘုရင်တွေတောင် အစ္စလမ် ဘာသာ ကိုးကွယ်တယ်၊ အခုမှ စားပြီးနားမလည် လုပ်နေတယ် စသည်ဖြင့် ပြောလေ့ရှိတယ်။ အဲဒါတွေ အထောက်အထား ရှိ၊ မရှိကို Charney က ရေးထားတယ်။

          မြောက်ဦးခေတ်က ဘုရင်တချို့ဟာ အစ္စလမ်ဘွဲ့ခံတယ်၊ အဲဒီ ဘွဲ့ကို ပါရှန်းစာ နဲ့ ရေးထားတဲ့ ဒင်္ဂါးတွေ၊ ( မြန်မာ အရဟံ လို ) ကာလီမာ စာတမ်း ပါတဲ့ ဒင်္ဂါးတွေကို နန်းတက်ပွဲမှာ ထုတ်ခဲ့ဘူးတယ်။ မူစလင်နန်းတွင်း စတိုင်နဲ့ မင်းခမ်းမင်းနားတွေကို လုပ်လေ့ရှိတယ်။ နိုင်ငံခြားသား ဧည့်သည်တွေက အဲဒီ ဘုရင်တွေကို ဗုဒ္ဓဘာသာ၊ မူဆလင် ဘာသာ စသည်ဖြင့် ထင်ရာမှတ်တမ်းရေးသွားတတ်တယ်။ ရခိုင်ရာဇဝင်မှတ်တမ်းတွေမှာလည်း တချို့ရခိုင်ဘုရင်တွေက ဘင်္ဂလား စူလတန်ရဲ့ လက်အောက်ခံ ဖြစ်ဘူးတယ်လို့ မှတ်ထားတာတွေလည်း ရှိတယ်။ ဒီတော့ ထင်လည်း ထင်ချင်စရာ ဖြစ်နေတယ်။

          Charney က ၊ ၇ ကနေ ၉ ရာစုအထိ ဝေသာလီခေတ်၊ နောက် အုပ်စုသေးလေးတွေကွဲပြီး အချင်းချင်း တိုက်နေတာက ၁၃ ရာစုအထိ၊ ၁၃ ကနေ ၁၅ က လောင်းကျက်ခေတ်၊ ၁၄၃၀ ကနေ ၁၇၈၅ ကို မြောက်ဦးခေတ် ဆိုပြီး ခေတ်လေးခေတ်ခွဲပြီး လေ့လာတယ်။ ခေတ်စားခဲ့တဲ့ ဘာသာတွေက ဟိန္ဒူ ၊ မူဆလင် နဲ့ ဗုဒ္ဓဘာသာ ( ထေရဝါဒ၊ မဟာယာန၊ တန္တရ ) တွေ ဖြစ်တယ်။

          သူက အစ္စလမ်ယဉ်ကျေးမှု ကျင့်သုံးခြင်း ( cultural islamicisation ) နဲ့ အစ္စလမ်ဘာသာကို ကိုးကွယ်ခြင်း ( religious islamisation ) ဆိုပြီး ၂ခုခွဲကြည့်တဲ့ Philip B Wagoner ရဲ့ model ကို သုံးပြီးလေ့လာတယ်။ ယဉ်ကျေးမှု တခုတည်းကိုပဲယူတယ် ဆိုရင် ဒီလက္ခဏာ ၃ ခု ရှိရမယ်လို့ သူက ဆိုတယ်၊ နိုင်ငံရေး ဗျူဟာ အရ သုံးတာ၊ လောကီရေးသက်သက် ( secular ) ပဲ ပါတာ၊ နကိုယ် ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို မပစ်ပယ်တာ တွေ တွေ့ရမယ်ပေါ့။

          ထည့်စဉ်းစားတဲ့ နောက်အကျင့်တခုကတော့ ဘုရင်မှန်း သိသာအောင် အဆင့်အတန်းပြတဲ့ ပစ္စည်းတွေကို ( ကိုယ်နိုင်တဲ့လူဆီက ) အတင်း သိမ်းသွားတာ၊ ( လက်အောက်ခံဆီက ) အတင်း တောင်းတာ၊ ( နိုင်ငံခြားက ပစ္စည်းတွေကို ) ပုံတူလိုက်ကူးပြီး သုံးတာ မျိုးတွေ ဖြစ်တယ်။ ဥပမာ ရခိုင် က ပဲခူးကို ၁၅၉၉ မှာ နိုင်တော့ မင်းသုံးပစ္စည်းတွေ၊ ဆင်ဖြူတော်၊ စစ်ရှုံးတဲ့ ဘုရင်ရဲ့ သမီး၊ နန်းတော်ထဲက ( ဘုရား) ရုပ်တွေ အကုန် မ, ချ လာတာမျိုး ဖြစ်တယ်။ ပြန်ရောက်တော့ ဆင်ဖြူရှင်ဘွဲ့တောင် ခံလိုက်သေးတယ်။

          နောက် နိုင်ငံခြားက ဘုရင်စတိုင် ကို ခိုးချနေတုန်းမှာ သူမလုပ်တာ ကိုယ်လဲ မလုပ်ရဘူး။ ဥပမာ မြောက်ဦး က "ဘင်္ဂလားက စူလတန်" တွေကို အတုမယူတော့တဲ့ ၁၇ ရာစု အလယ်ပိုင်းလောက်ကျမှ မူဆလင်တွေကို နှိပ်ကွပ်တာတွေ စ လုပ်လာတယ်။ အဲဒီ အရင် က ဆို အဲဒီလောက် မလုပ်ဘူး။

          နန်းတက် ဒင်္ဂါးတွေကို ဝေသာလီ နဲ့ မြောက်ဦးခေတ်တွေမှာ တွေ့ပြီး ကြားမှာ မတွေ့ရဘူး။ ဝေသာလီ ဘုရင်တွေက ဘင်္ဂါလီ ဟိန္ဒူ စတိုင် ဘွဲ့တွေ သုံးပြီး အဲဒီနောက်ကနေ လောင်းကျက်ခေတ် အစောပိုင်းအထိမှာ ဒေသခံ နံမည်တွေကိုပဲ သုံးတာ တွေ့ရတယ်။ ဝေသာလီ စတိုင် ငုပ်သွားတဲ့ သဘောလို့ ယူဆရတယ်။

          အဲဒီနောက် အုပ်စုသေးလေးတွေကွဲပြီး အချင်းချင်း တိုက်နေတဲ့ ခေတ်မှာ ကျတော့ အင်အားကောင်းနေတဲ့ ပုဂံမင်းဆက် စတိုင်ကို ယူပြန်တယ်။ နန်းတက်ဒင်္ဂါး မထုတ်တော့ဘူး၊ ကျောက်စာတွေကို အရင် Deva-negari အက္ခရာ သုံးနေရာကနေ ပုဂံစတိုင် ဗမာစာနဲ့ ပြောင်းရေးတယ်။ အနော်ရထာ နဲ့ အလောင်းစည်သူ ကို သမီး ဆက်တာလည်း ရှိခဲ့တယ်။ အလောင်းစည်သူ လက်ထက်မှာ စစ်ရေး အကူအညီ တောင်းတာမျိုး ရှိခဲ့တယ်။ အဲဒါကို နောက်မြန်မာ သမိုင်းဆရာတွေက ရခိုင်ပြည် ပုဂံလက်အောက် တကယ်ကျခဲ့သလို ရေးတာလည်း ရှိခဲ့တယ်။ ၁၃ ရာစုမှာ ပုဂံကို တရုတ်ဖျက်လို့ ဂိန်သွားတော့ လက်ဆောင်ဘဏ္ဍာ ပေးတာ ရပ်ပစ်လိုက်တယ်။ သောက်ဂရုစိုက်စရာ မလိုတော့ဘူးဆိုတဲ့ သဘောပေါ့။

          အဲဒီနောက် မြောက်ဥိးခေတ်မှာ မူဆလင် စတိုင်ကို ယူပြန်တယ်။ အဲဒါကို ၂ မျိုး ရှင်းပြကြတယ်။ တခုက ရခိုင်က သူ့လက်အောက်ခံ စစ်တကောင်းသားတွေ နဲ့ အဆင်ပြေအောင် လုပ်ပြတာလို့ ဆိုတယ်၊ နောက်တခု က ဘင်္ဂလား စူလတန် ရဲ့ လက်အောက်ခံ ဖြစ်နေလို့ စူလတန် အကြိုက် နေပြရတာလို့ ဆိုတယ်။ အဆို နှစ်ခု စလုံးက ၂၀ ရာစု ခေတ်ကျမှ ပေါ်လာတဲ့ ဘာသာရေး နဲ့ ယဉ်ကျေးမှု လုံးဝ ဆက်စပ်နေတာမျိုးကို ရှေးတုန်းကလည်း ဒီလိုပဲ နေမှာပဲ ဆိုပြီး တွက်လိုက်မိတဲ့ အမှား ကြောင့်ဖြစ်တယ်လို့ charney က ဆိုတယ်။ သူ့ရဲ့ ကိုယ်ပိုင်အမြင်အရတော့ မြောက်ဦးခေတ် ရခိုင်ဘုရင်တွေ ကျင့်သုံးခဲ့တာ မူဆလင် ယဉ်ကျေးမှု မဟုတ်ဘူး၊ ဘင်္ဂလားနန်းတွင်း ယဉ်ကျေးမှုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

                    အရှေ့အလယ်ပိုင်းဒေသ မှာ ထွန်းကားခဲ့တဲ့ နန်းမူနန်းရာ၊ နန်းတွင်းယဉ်ကျေးမှု တွေဟာ ၉ ရာစုလောက်မှာ သိပ်လူကြိုက်များလာပြိး မြေထဲပင်လယ်တဝိုက် က မူဆလင် နန်းတော်တိုင်းမှာ ဒီဓလေ့ကို အတုယူပြီး ဒေသအလိုက်ပြုပြင်သုံးလာကြတယ် ဆိုပါတယ်။

သမိုင်းအထောက်အထားတွေအရတော့ အဲဒီ ရခိုင်ဘုရင်တွေဟာ ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းကြပြီး သူတို့ဘာသာရေးပွဲတွေမှာ မူဆလင်တွေ မတက်ချင်ဘူးဆိုလည်း မတက်ပဲနေခွင့်ပြုထားတယ်။ မူဆလင် မကောင်းကြောင်းတွေပါတဲ့ ရခိုင်ရာဇဝင် စာအုပ်ထဲမှာ သူတို့ ရခိုင်ဘုရင်တွေက ကုလား ဘွဲ့အမည် သုံးတယ်ပဲ ရေးတယ်၊ မူဆလင်ဘွဲ့ ခံတယ် လို့ မရေးဘူး။ သူတို့ယူတဲ့ ဘွဲ့အမည်တွေကလည်း မူဆလင်လောက ထဲက ကြိုက်တဲ့နံမည်ကို ယူတာမျိုး မဟုတ်ပဲ၊ ဘင်္ဂလား စူလတန်တွေ သုံးတဲ့ နံမည်တွေကိုပဲ ပြန်ယူထားတာ တွေ့ရတယ်။ ပြီးတော့ မူဆလင် အစစ်သာဆိုရင် သူတို့ နန်းတက် ဒင်္ဂါးတွေမှာ မူဆလင်ဘွဲ့ တခုပဲ ထည့်ပေါ့၊ ဘာလို့ မြန်မာလိုဘွဲ့ကိုကော ထည့်ထားတာလဲ လို့ မေးစရာ ရှိတယ်။ တကယ်လို့ ရခိုင်ဘုရင်တွေက ၈ ရာစုက ဘင်္ဂလားနန်းတွင်း စတိုင်ကို ယူခဲ့ရင် ကျွန်တော်တို့က သူတို့ကို ဟိန္ဒူဘုရင်တွေလို့ ထင်ကြမယ်၊ ၁၅ ရာစုက ဘင်္ဂလားနန်းတွင်း စတိုင်ကို ယူခဲ့ရင် ကျွန်တော်တို့က သူတို့ကို မူဆလင်ဘုရင် တွေလို့ ထင်ကြမယ်။ သူတို့အတွက် တခုတည်း ( ဘင်္ဂလားစတိုင် )က ကျွန်တော်တို့ အတွက် ၂ခု ( ဟိန္ဒူ နဲ့ မူဆလင် ) လို့ မြင်စရာ ဖြစ်နေတယ်။

ဘင်္ဂလားဒေသမှာ ကိုယ်အာဏာပိုင်တာကို ပြတဲ့အနေနဲ့ ဒင်္ဂါးတွေ ထုတ်လေ့ ရှိတယ် ( ငွေကြေးရိုက်နှိပ်ခွင့် ဟာ အစိုးရမှာပဲ ရှိတယ် )။ အဲဒီ ဓလေ့ကို ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ စန္ဒ ( chandras ) မင်းတွေက စ ခဲ့တာဖြစ်တယ်။ ရာဇဝင်မှာ ဘင်္ဂလားကို မှီခို ရပါတယ်ဆိုတဲ့ နရမိတ်လှ က မူဆလင် ဘွဲ့မခံခဲ့ဘူုး။ သူ့နောက်က လူတွေကျမှ ဘွဲ့ခံတာ၊ ပါရှန်းစာနဲ့ ဒင်္ဂါး ထုတ်တာ ရှိခဲ့တယ်။ ကလီမာပါတဲ့ ဒင်္ဂါး ထုတ်တာကလည်း နံမည်ကိုက ကလီမာရှား လို့ခေါ်တဲ့ ဘစောဖြူ လက်ထက်မှာပဲ ရှိခဲ့တယ်။ ( တခြားစာတမ်း တခုမှာ စစ်တကောင်းကို သိမ်းထားနိုင်ခဲ့တဲ့ ရခိုင် ဘုရင်တွေပဲ မူဆလင်ဘွဲ့ခံတယ် လို့ တွေ့ခဲ့ရတယ် )။ ရခိုင်တွေ စစ်တကောင်းကို သိမ်းထားနိုင်ပေမယ့် တကယ့်ဝင်ငွေဖြစ်တဲ့ ရေကြောင်းကူးသန်း ရောင်းဝယ်မှုတွေကို မူဆလင် ကုန်သည်ကြီးတွေကသာ ချုပ်ကိုင်ထားတာ ဖြစ်တယ်။ charney က ဒီ မူဆလင်၊ ဘင်္ဂလား ယဉ်ကျေးမှုကို ကျင့်သုံးတာဟာ ဒီမူဆလင် ကုန်သည်ကြီးတွေနဲ့ အဆင်ပြေချင်လို့လည်း ပါမယ် လို့ သုံးသပ်ပါတယ်။

Charney က ပြန်ချုပ်ရရင် ၁၅၊ ၁၆ နဲ့ ၁၇ ရာစု အစပိုင်းလောက်က ရခိုင်ဘုရင်တယောက်ဟာ မူဆလင်ဘင်္ဂါလီ တယောက်လိုဝတ်၊ မူဆလင် ပါရှန်း နံမည်ခံပြီး ဗုဒ္ဓရုပ်ပွားကို ရှိခိုး၊ သံသရာအတွက် ပူပန်ပြီး ကိုယ်ကိုကိုယ် ဗုဒ္ဓဘာသာ လို့ ပြောတာ အဲဒီခေတ်မှာ ဘာမှ မထူးဆန်း ဘူး လို့ ပြောပါတယ်။ အဲဒီ ခေတ်က မူဆလင်ဘင်္ဂါလီ စာရေးဆရာတွေကလည်း အဲဒီ ရခိုင် ( ဘုရင်) တွေ နေတာ၊ ထိုင်တာတွေဟာ ( မူဆလင်တွေ လက်ခံတဲ့ နေပုံထိုင်ပုံ တွေနဲ့ ယှဉ်ပြီး ) တော်တော်နိမ့်တယ် ဆိုပြီး ရေးခဲ့ကြတယ်။
အဲဒီ ဘာသာရေး နဲ့ အနေအထိုင်ယဉ်ကျေးမှု ဟာ ရှေးခေတ်က အခုခေတ်လို သိပ်တွဲမထားဘူး ဆိုတာကို နားမလည်ကြလို့ မူဆလင်ရခိုင်ဘုရင်တွေ ရှိခဲ့တယ်လို့ အထင်လွဲခဲ့ကြရတာလို့ ဆိုပါတယ်။

Monday, March 18, 2013

ဘူခါနန်

အဲဒါတွေ မရေးတော့ဘူး ဆုံးဖြတ်ပြီးမှ ပေါက်ကရတွေ့ရင် ပြောချင်တဲ့ ဝါသနာကြောင့် နည်းနည်း ရေးလိုက်ပါဦးမယ်။

Francis Buchanan published his “A Comparative Vocabulary of Some of the Languages spoken in the Burma Empire” in 1799, in the fifth volume of Asiatic Researches.
It provides important data on the ethno-cultural identities and identifications of the various population groups in the first half of Bò-daw-hpayà’s reign (1782-1819).



          စတွေ့တည်းက အခြေခံစာလုံးတွေ ဖြစ်တဲ့ နေ၊လ၊စား၊ သောက်၊ တစ်၊နှစ်၊သုံး၊လေး တွေကို အောက်က  dictionary နဲ့ တိုက်ကြည့်တယ်။ တူချင်တာတူပြိး ၊ မတူချင် မတူဘူး၊ ဘာသာစကား ပညာရှင်မှ ပြောတတ်မှာပဲ။ buchanan စာရင်းထဲမှာ ရခိုင်အတွက် yakain လို့ သီးသန့်လည်းပါပြီးသား ၊ အဲဒီ Rooinga စကားလုံးစာရင်းမှလည်း နှစ်၊သုံး၊လေး၊ ငါးကို ဒို၊တင်၊ကျာ၊ပန့် လို့ ပါတော့ ကုလားစကားပဲ ထင်တယ်။

http://danyawadi.wordpress.com/2012/04/09/rohingya-to-english-dictionary-a-to-z/

             ဒါပေမယ့် ရခိုင်ဒေသရဲ့ ဒေသခံတွေက ရခိုင်လူမျိုးတွေ (The proper natives of Arakan call themselves Yakain ) လို့ လည်း ရေးထားတယ်။ မူစလင်တွေကိုတော့ အဲဒီဒေသမှာ လာရောက်အခြေချ နေထိုင်သူတွေ (The Mahommedans settled at Arakan, call the country Rovingaw; the Persians call it Rekan )  လို့ ရေးထားတယ်။ သူ Rooinga လို့ မှတ်ထားတဲ့ မူစလင်တွေကတော့ ( သူရောက်တဲ့ အချိန် ၁၇၉၉ မှာ) အဲဒီဒေသမှာ အခြေချ နေလာတာကြာပြီ၊ သူတို့ကိုယ်သူတို့ ဒီမှာမွေးတယ် ( natives ) ဆိုပြိး ပြောတယ် လို့  မှတ်ထားတယ် (The first is that spoken by the Mohammedans, who have long settled in Arakan, and who call themselves Rooinga, or natives of Arakan. )
              သူလည်း တတ်နိုင်သလောက်တော့ သေချာ မှတ်ထားတာပဲ။ ဗမာလူမျိုးကို တချို့က အင်းဝ လူမျိုး လို့ ခေါ်သလိုလည်း မှတ်ထားတယ် (The people called by us Burmas, Barmas, Vermas, Brimmas, &c. stile themselves Myammaw. By people of Pegu, they are named Pummay ; by Karaya, Yoo ; by the people of Cussay, Awa, by the Cussay Shau, Kammau ; by the Chinese of Younan, Laumeen ; and by the Aykobat, Anwa )။ ဗမာလူမျိုးဟာ ရခိုင်ကို မြန်မာကြီး လို့ ခေါ်တယ် (the people of Arakan, whom they often call Myanmmaw gyee) လို့လည်း ရေးတယ်။ အဲဒါတော့ တခုခု လွဲတယ် ထင်တယ်။ ဗမာလို ( မတ်တပ် ) ထ ကို ရခိုင်လို မထိုင်နဲ့ (Mateinay ) လို့ ခေါ်တယ် ဆိုပြီး လည်း မှတ်ထားတယ်။ ကြားဖူးတာ သူလို ပညာရှင်တယောက်က ခုန် ( jump ) တာကို ဘယ်လို ခေါ်လဲ သိချင်လို့ တိုင်းရင်းသားကို ခုန်ခုန် ပြတယ် ပြောတယ်။ အဲဒီ တိုင်းရင်းသား ပြောတာကိုပဲ သူ့ အဘိဓါန် ထဲ ထည့်ရေးထားတယ်။ နောက် တဖြည်းဖြည်း နားလည်လာတော့ အဲဒီ စကားက အရူးမ လို့ ပြောတာ ဖြစ်နေတယ်တဲ့ ။ အခုလည်း အဲဒီလိုနဲ့ “မထိုင်နဲ့” ဖြစ်သွားသလား မသိပါဘူး။ စကားလုံး ၅၀ မှာ ရခိုင် စကား ခုနှစ်လုံးပဲ သူရေးထားတော့ ကြည့်ရတာ သူရခိုင်ကို မရောက်ခဲ့ဘူးလား မသိဘူး။ ဘိုးတော် ဖမ်းလာတဲ့ ကုလားတွေနဲ့ပဲ တွေ့ခဲ့သလား မပြောတတ်ဘူး။ နောက် အားမှ လျှောက်ဖတ်ကြည့်ဦးမယ်။


An Account of the Frontier Between Ava and the Part of Bengal, Adjacent to the Karnaphuli River (1825)

 article by Francis Hamilton, also known as Francis Buchanan ( 1815 မှာ နံမည်ပြောင်းလိုက်တာ)



            ဒီဆောင်းပါးမှာ သူက ဘင်္ဂါလီ တွေက chakma/sagma၊ ကာလကတ္ထားမှာ muggs လို့ ခေါ်တဲ့ လူတွေဟာ ဗမာတွေက သက် လို့ ခေါ်တဲ့ လူရိုင်းတွေ လို့ ပြောတယ်။ ဒီလူမျိုးတွေက အစက ရခိုင် စကား ပြောတယ်၊ နောက် Tripura ကို ရခိုင်တွေ သိမ်းလိုက်တော့ နေရာသစ်ကို ပထမ ဆုံး လာ အခြေချတဲ့ သူတွေ ဖြစ်မယ်။ အခု ရခိုင်စကားလည်း မေ့၊ ဘင်္ဂါလီ လဲ သိပ်မတတ် နဲ့ ဖြစ်နေတယ် လို့ ပြောတယ်။ နောက် အဲဒီ ဒေသကို မူစလင်တွေ ပြန်သိမ်းလိုက်တော့ ရခိုင်ပြန်သွားတဲ့ အုပ်စု ( Sak-mi ) တွေ ကျတော့ ရခိုင် စကား တမျိုးပဲ ပြောတော့တယ် လို့ မှတ်ထားတယ်။

           သူက their original language, which is the same with that of Arakan or Roang လို့ ပြောတဲ့ အခါနဲ့ some words of the Roang language ဆိုတာ ဒီနေရာမှာ ရခိုင် စကားကို ပြောတာဖြစ်တယ်။ Roang စကားကို ရိုဟင်ဂျာ ( စကား ) လို့ ပြောင်းရေးရင်လည်း ဒီနေရာမှာ ရခိုင် စကားကိုပဲ ရည်ညွန်းတာ ဖြစ်ပါမယ်။ ဒီနေရာမှာ ရိုဟင်ဂျာ ( လူ ) လို့ ပြောရင်လည်း ရခိုင်တွေကို ပြောတာ ဖြစ်မယ်။ arakan = roang ဆိုပြီးတော့ ရခိုင်တွေကိုချည်း ( ဒီနေရာမှာ ) ရည်ညွှန်းထားလို့ ဖြစ်တယ်။

           The people called Muggs, at Calcutta, are scarcely known by that name in their native Country…. By the Bengalese, they are commonly called Chakma or Sagma because they have in general forgotten their original language, which is the same with that of Arakan or Roang. They all, however, retain some words of the Roang language, especially their names; and their priests use both the character and language of Arakan, little different from that of Ava. The name Chakma or Sagma, given to this people by the Bengalese, is evidently a corruption from Saksah, the name they give to themselves; while, in the dialect of Ava or Aree, as they call it, they are termed Sæk.
            They seem to be the remains of the first colony from Arakan, that occupied Tripura on the conquest of that country from the Muhammedans. Many of them still remain in Arakan or Roang, having probably retired there, when the Moslem power was restored in Tripura, and these are distinguished from the conquered portion by the name Sak-mi, and speak the language of Rakhain alone.



Wednesday, March 6, 2013

ယုံတဲ့သူတွေ များလွန်းနေလို့ -၂ ( ငြင်းခုံသူများ )

from "Life of Pi" by Yann Martel

( ပိုင် က အိန္ဒိယ နိုင်ငံ၊ pondicherry မြို့က ကုလားလေး တယောက်ဖြစ်တယ်။ ဘာသာရေး စိတ်ဝင်စားခါစ လူပျိုပေါက်အရွယ်မှာ ခရစ်ယန် ဘုန်းတော်ကြီး၊ ဟိန္ဒူ ပဏ္ဍစ်ကြီး၊ မူစလင် အီမန်ကြီး တွေနဲ့ တွေ့ပြီး အဲဒီ ဘာသာ သုံးခု စလုံးကို ဝင်ထားတယ်၊ ဘယ်သူကိုမှ အသိမပေးဘူး။ တနေ့တော့ မိသားစု ပင်လယ်ကမ်းစပ်အတိုင်း လမ်းလျှောက်ရင်း ဆရာကြီး သုံးယောက်စလုံး နဲ့ မျက်နှာချင်းဆိုင် သွားတွေ့တယ်၊ ဆရာကြီးတွေက ပိုင် ရဲ့ မိဘ တွေကို နှုတ်ဆက်ဖို့ ကြိုးစားကြတယ် )



သူတို့ သုံးယောက်စလုံး ဒီမိသားစုဆီကို ဦးတည်ပြီး လာနေတယ်ဆိုတာကိုလည်း သဘောပေါက်သွားရော ဆရာကြီး သုံးယောက်စလုံး စိတ်အနှောက်အယှက် ဖြစ်သွားကြတယ်။ သုံးယောက်စလုံးက ကျန်တဲ့ နှစ်ယောက်ဟာ ကိစ္စတခုရှိလို့ ဒီမိသားစုဆီကို ( ငါလာနေတာ တွေ့ရဲ့သားနဲ့ ) အလိုက်ကမ်းဆိုး မသိ အတင်း ဝင်လာတာပဲ လို့ တွက်လိုက်ပုံ ရတယ်။ တယောက်နဲ့ တယောက် စိတ်ပျက်တဲ့ အကြည့်နဲ့ ကြည့်လိုက်ကြတယ်။

သူတို့နဲ့ မသိတဲ့ ဘာသာရေးဆရာကြီး သုံးယောက်က ပြုံးပြုံးကြီး နဲ့ လမ်းပိတ်ရပ်ထားတာ တွေ့လိုက်တော့ ကျွန်တော့် မိသားစုလည်း ဇဝေဇဝါ ဖြစ်သွားတယ်။ .........

ဟယ်လို တွေ၊ မင်္ဂလာပါတွေလည်း ပြီးရော အနေရခက်လောက်အောင် အကြာကြီး တိတ်သွားကြတယ်။ ဒီတိတ်ဆိတ်မှုကို ခရစ်ယန် ဘုန်းတော်ကြီးကပဲ ဂုဏ်ယူဝင့်ကြွားမှု အပြည့်ပါတဲ့ စကားတွေနဲ့ စဖြိုခွဲလိုက်တယ်။ " ပစ်ဆင်း ဟာ သိပ်တော်တဲ့ ခရစ်ယန် လူငယ်လေးပါပဲ ခင်ဗျား၊ သူ မကြာခင် ကျွန်တော်တို့ရဲ့ ဓမ္မတေးဆိုတဲ့ အဖွဲ့မှာ ပါဝင်လာနိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ် ခင်ဗျ"

ကျွန်တော့်မိဘ တွေကော၊ ပဏ္ဍစ်ကြီးကော၊ အီမန်ကြီးကော အံ့သြသွားကြတယ်။

"ခင်ဗျား မှားနေပြီ ထင်တယ်နော။ သူက သိပ်တော်တဲ့ မူစလင်လူငယ်ကလေးပါ၊ သောကြာနေ့ ဝတ်ပြုတိုင်း မပျက်မကွက်လာတယ်၊ ကိုရန်ကျမ်းကိုလည်း အတော်လေး သိလာနေပါပြီ" လို့ အီမန်ကြီး က ပြောလိုက်တယ်။

ကျွန်တော့် မိဘတွေကော၊ ဘုန်းတော်ကြီးကော၊ ပဏ္ဍစ်ကြီးကော မယုံနိုင်အောင် ဖြစ်သွားကြတယ်။

ပဏ္ဍစ်ကြီးက ပြောလိုက်တယ်။ "ခင်ဗျားတို့ နှစ်ယောက်စလုံး မှားနေပြီ။ သူက သိပ်လိမ္မာတဲ့ ဟိန္ဒူလူငယ်လေးပါ၊ သူ ဘုရားကျောင်းမှာ ဘုရားဖူး၊ ဆွမ်းကပ် လာလုပ်နေတာ တချိန်လုံးတွေ့နေတာပဲ ဥစ္စာ"

ကျွန်တော့် မိဘတွေကော၊ အီမန်ကြီးကော၊ ဘုန်းတော်ကြီးပါ အံ့အားသင့်ကုန်တယ်။

"ဘာမှာ မမှားပါဘူးဗျ" လို့ ဘုန်းတော်ကြီးက ပြောတယ်။ "ကျွန်တော်သူ့ကို သိတာပေါ့၊ သူ့နံမည်က ပစ်ဆင်း မောလိတာ ပတေး၊ ခရစ်ယန်လေးပါဗျ"

"ကျုပ်လည်း သိတာပဲ၊ ဒါပေမယ့် သူက မူစလင်ပါဗျ" လို့ အီမန်ကြီးက အခိုင်အမာ ပြောလိုက်တယ်။

"အဓိပ္ပါယ်မရှိတာဗျာ" လို့ ပဏ္ဍစ်ကြီး က အော်ပစ်လိုက်တယ်။ "ပစ်ဆင်း ဟာ မွေးကတည်းက ဟိန္ဒူ ၊ ကြီးတော့လည်း ဟိန္ဒူ၊ သေတော့လည်း ဟိန္ဒူ ပဲ" ဖြစ်ရမှာပေါ့။

ဆရာကြီး သုံးယောက်စလုံး အသက်တောင် မရှုနိုင်ပဲ၊ တယောက်ကိုတယောက် မယုံနိုငိတဲ့ မျက်လုံးကြီးတွေနဲ့ ပြူးကြည့်နေကြတယ်။

ဘုရားသခင်၊ သူတို့ မျက်လုံးတွေကို ကျွန်တော်မျိုးထံမှ လွှဲတော်မူပါ၊ ကျွန်တော် တိတ်တိတ်လေး ဆုတောင်းမိလိုက်တယ်။

တခါတည်း မျက်လုံးအားလုံး ကျွန်တော့်ပေါ် ရောက်လာပါလေရော။

" ပစ်ဆင်း၊ ဒါတကယ်ပဲလား" အီမန်ကြီးက စိတ်အရမ်းပါလာပြီ။ " ဟိန္ဒူ နဲ့ ခရစ်ယန် ဆိုတာ ရုပ်ထုကိုးကွယ်တဲ့ လူတွေနော်၊ သူတို့မှာ ဘုရားတွေက အများကြီး"

"မူစလင်တွေကျတော့ မိန်းမတွေ အများကြီး ရှိတာပေါ့" ပဏ္ဍစ်ကြီးက တုံ့ပြန်လိုက်တယ်။

ဘုန်းတော်ကြီးက သူတို့နှစ်ယောက်စလုံးကို တချက်ငဲ့ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်သလို ပြောတယ်၊ "ပစ်ဆင်း၊ ယေရှုသခင်ဆီမှာသာ ကယ်တင်ခြင်းကို ရနိုင်တယ်နော်"

"ပေါက်တတ်ကရတွေကွာ၊ ခရစ်ယန်တွေက ဘာသာရေးအကြောင်း ဘာများသိလို့တုန်း" ပဏ္ဍစ်ကြီး က ပြောတယ်။

"ဟုတ်တယ်၊ သူတို့ ဘုရားသခင်ရဲ့ လမ်း ကနေ သွေဖယ်သွားခဲ့တာ ကြာပြီ" အီမန်ကြီးက ပြောလိုက်တယ်။

"မင်းတို့ ဘာသာမှာ ဘုရားက ဘယ်မှာတုန်း" ဘုန်းတော်ကြီး က ခပ်ပြတ်ပြတ် မေးလိုက်တယ်။ "မင်းတို့ဘာသာမှာ ဘုရားသခင်က တန်းခိုးပြဋိဟာ ပြထားတာ တခုတလေတောင် ရှိလို့လား၊ တန်းခိုးပြတာ တခုမှ မရှိပဲနဲ့များ၊ ဘယ်လို ဘာသာ ပါလိမ့်" ( see note )

"တို့က တချိန်လုံး သေပြီးသား မသာတွေ ဂူထဲကနေ ခုန်ခုန် ထ လာနေတဲ့ ဆပ်ကပ် မဟုတ်ဘူးကွ၊ အဲလို ဘာသာကွ၊ ငါတို့ မူစလင်တွေက သဘာဝ အခြေခံ တန်ခိုးပြတော်မူတာတွေကိုပဲ လက်ကိုင်ထားတယ်၊ ငှက်တွေ ပျံနေတာ၊ မိုးတွေ ရွာတာ၊ သီးနှံတွေ ပေါက်ပွားလာတာ၊ အဲဒီ တန်ခိုးပြတော်မူတာတွေနဲ့တင် တို့အတွက် လုံလောက်နေပြီ"

"ငှက်တွေ မိုးတွေ ကတော့ ဟုတ်ပါပြီ၊ ဒါပေမယ့် ဘုရားခင်က ကိုယ့်ဘက်မှာ တကယ်ရှိနေလား၊ မရှိနေလားတော့ သိချင်တာပေါ့ဗျာ"

"သြော်၊ ဟုတ်လား၊ ကောင်းပြီ၊ မင်းတို့နဲ့ လာနေတော့ ဘုရားသခင် အတွက် အများကြီး အကျိုးထူးတာကိုး၊ မင်းတို့ ဘုရားကို ဝိုင်းသတ်ဖို့ လုပ်ကြတယ်လေ၊ မင်းတို့ သူ့ကို ကားစင်မှာ သံမှိုကြီးတွေနဲ့ ရိုက်ထားတယ်လေ၊ တမန်တော် ကို ဒီိလို လုပ်တာ လူယဉ်ကျေးတွေ တဲ့လား၊ ငါတို့ တမန်တော် မိုဟာမက် ဆိုရင်၊ တမန်တော် ငြိမ်းချမ်းပါစေ၊ ဘုရားသခင် ရဲ့ နူတ်ကပတ်တော်ကို ငါတို့ဆီကို ဆောင်ယူလာပေးတာ၊ ဘာမှ သိက္ခာကျစရာ၊ အရှက်ကွဲစရာ မကြုံရပဲ၊ အသက်အတော်ကြီးမှ ဓမ္မတာအတိုင်း သေသွားတယ်။"

"ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် ဟုတ်လား၊ သဲကန္ထာရအလယ်က မင်းတို့ရဲ့ စာမတတ်တဲ့ ကုန်သည်ဆီကို ဟုတ်လား၊ ကုလားအုပ်စီးရတာ ဟိုဘက်ဒီဘက် ယိမ်းလွန်းလို့ သွားရေတွေ၊ဘာတွေကျပြီး ဝက်ရူးပြန်ပြီး တက်တာ ဖြစ်ပါလိမ့်မယ်၊ ဘုရားသခင် နှုတ်ကပတ်တော် ကျတာတော့ မဟုတ်လောက်ပါဘူး၊ အဲ ဒါမှ မဟုတ်ရင် နေပူလွန်းလို့ ဦးနှောက်တွေ ဟပ်ဘွိုင်ဖြစ်သွားတာ ဖြစ်ပါလိမ့်မယ်"

"တမန်တော်သာ အခုနေ၊ တမန်တော် ငြိမ်းချမ်းပါစေ၊ ရှိနေခဲ့ရင် ခင်ဗျားအတွက် စကားလုံး ကောင်းကောင်းလေးတွေ ပြောရှာမှာပါ" အီမန်ကြီးက မျက်လုံးလေး မှေးပြီး ပြန်ပြောလိုက်တာပါ။

"ဟုတ်ပါပြီ၊ ဒါပေမယ့် အခုမှ မရှိပဲ၊ ခရစ်တော်ကတော့ ရှင်သန်နေတုန်းပဲ၊ မင်းတို့ရဲ့ ငြိမ်းချမ်းပါစေကြီးကတော့ သေပြီ၊ သေပြီ၊ သေပြီကွ"

ပဏ္ဍစ်ကြီးက ကြားကဖြတ်ပြီး ခပ်တိုးတိုးပဲ ပြောလိုက်တယ်၊ သူက တမီးလ် လို ပြောလိုက်တာ၊ "အဓိက ပြသနာကတော့ ဘာဖြစ်လို့ ပစ်ဆင်း ဟာ ဒီ တိုင်းတပါးက ဘာသာရေးတွေကို အပျော်သွားလုပ်နေတာလဲ ဆိုတာပဲ"

ဘုန်းတော်ကြီး နဲ့ အီမန်ကြီး တို့ရဲ့မျက်လုံးကြီးတွေ အပီအပြင် ပြူးထွက်လာပါရော၊ သူတို့နှစ်ယောက်စလုံးက ဒီမှာမွေးတဲ့ တမီးလ် လူမျိုးတွေ။

"ဘုရားသခင်ဟာ လူတိုင်းနဲ့ဆိုင်တယ်" ဘုန်းတော်ကြီးက ဒရောသောပါး ပြောချလိုက်တယ်။

အီမန်ကြီးက ခေါင်းကို ဆတ်ကနဲငြိမ့်ပြီး ထောက်ခံလိုက်တယ်။ "ဘုရားဆိုတာ တပါးတည်း ရှိတယ်"

"သူတို့ ဘုရားတဆူတည်းနဲ့တင် မူစလင်တွေမှာ ပြသနာရှာလိုက်ရတာ၊ အဓိကရုဏ်းတွေ လုပ်လိုက်ရတာ၊ အဲဒါ မူစလင်တွေ ဘယ်လောက်ရိုင်းတယ်၊ အစ္စလမ်ဟာ ဘယ်လောက်ဆိုးတယ် ဆိုတဲ့ သက်သေပါပဲခင်ဗျား" ပဏ္ဍစ်ကြီးက ကြေငြာလိုက်ပါတယ်။

"အောင်မာ၊ ဇာတ်ခွဲတဲ့ ကျွန်ထိန်းကပဲ ပြောရတယ် ရှိသေးတယ်" အီမန်ကြီးက ဟောက်လိုက်တယ်။ "ဟိန္ဒူတွေကျတော့ကော၊ လူတွေကိုတော့ ( ဇတ်နိမ့်တွေကို ) ကျွန်လုပ်ပြီး ၊ အင်္ကျိဝတ်ပေးထားတဲ့ ကစားစရာ အရုပ်တွေကိုကျတော့ ရှိခိုးနေတယ် မဟုတ်လား"

"ဒီကောင်တွေက ရွှေနွားရုပ် ကို ကိုးကွယ်တဲ့လူတွေ ( သမ္မာကျမ်းလာ မိစ္ဆာဒိဌိအယူ ) ၊ နွားရှေ့မှာ ဒူးထောက်နေတာ" ဘုန်းတော်ကြီး က ဝင်တော ပေးလိုက်သည်။

"ခရစ်ယန်တွေကျတော့ ဟိုလူဖြူရှေ့မှာ သွားဒူးထောက်တယ် မဟုတ်လား၊ တိုင်းတပါးက လာတဲ့ ဘုရားနံဘေးက ပြေးလိုက်နေကြတဲ့ အကောင်တွေ၊ လူဖြူမဟုတ်တဲ့ လူတိုင်းက ဒင်းတို့ကို ရွံကြောက်ကြီးပေါ့"

"ပြီးတော့ သူတို့က ဝက်သားလည်းစား၊ လူသားလည်းစားတဲ့ ဟာတွေပဲ" အီမန်ကြီး အဆစ်ဝင်ထည့်သွားသည်။

"အဲ နောက်ဆုံး ဘယ်ရောက်လာလဲဆိုတော့" ဘုန်းတော်ကြီးက ဒေါသကို ထိန်းပြီး ပြောခြင်းဖြစ်သည်၊ "ပစ်ဆင်းဟာ တကယ့်ဘာသာ ကို လိုချင်သလား၊ ကာတွန်းစာအုပ်ထဲက ဒဏ္ဍာရီပုံပြင်တွေကိုပဲ လိုချင်တာလား ဆိုတာပဲ"

"ဘုရားကိုရွေးမလား၊ အရုပ်ကိုရွေးမလား ပေါ့လေ" အီမန်ကြီးက အသံလေးလေးနဲ့ ချီလိုက်သည်။

"ကိုယ့်ဘုရားတွေရွေးမှာလား၊ ကိုလိုနီဘုရားတွေကို ရွေးမှာလား" ပဏ္ဍစ်ကြီးက ရှုးရူးရှဲရှဲ ပြောချလိုက်သည်။

ဘယ်သူမျက်နှာ ပိုရဲနေသလဲ ပြောဖို့တောင် ခက်သည်။ မကြာခင် ထိုးကြ ကြိတ်ကြ တော့မည့်ပုံပေါ်နေသည်။

ဒါနဲ့ပဲ အဖေက သူ့လက်နှစ်ဘက်ကို မြှောက်လိုက်ပြီး "လူကြီးမင်းများ၊ လူကြီးမင်းများ ခင်ဗျား" လို့ အော်လိုက်ပါသည်။ "ဒီနိုင်ငံမှာ မည်သူမဆို ကိုယ်ကြိုက်ရာ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိတယ်ဆိုတာ သတိပေးပါရစေ"

လေဖြတ်ထားသလို ရွဲ့စောင်းနေသော မျက်နှာကြီး သုံးခု သူ့ဘက်ကို လှည့်သွားသည်။

"ဟုတ်တယ်၊ ( ကိုယ်ကြိုက်ရာ ) ဘာသာ၊ တခုတည်း " လို့ ဆရာကြီး သုံးယောက် သံပြိုင် ဟစ်လိုက်ကြသည်။ လက်ညှိးသုံးချောင်း ကလည်း သူတို့စကား ပိုလေးနက်အောင် နောက်ကနေ exclamation mark ( ! ) ထည့်ပေးလိုက်သလို လေထဲကို မြောက်တက်လာကြသည်။

မရည်ရွယ်ပဲနဲ့ စကားသံပြိုင်၊ အမူအယာ က ယိမ်းကသလို တိုက်ဆိုင်သွားတာကို သူတို့ဘာသာ မကျေမနပ် ဖြစ်သွားကြပြန်သည်။ လက်ညှိးတွေ အမြန်ပြန်ရုပ်ပြီး သက်ပြင်းတွေချ၊ ညည်းညှု ကုန်ကြသည်။ အဖေ နဲ့  အမေ လည်း ဘာပြောရမှန်း မသိတော့ပဲ ပြူးကြည့်နေကြပါသည်။

ပဏ္ဍစ် ကြီးက စ ပြောပါသည်။ " မစ္စတာ ပတေး ခင်ဗျား၊ ပစ်ဆင်း ရဲ့ ဘုရားတရား ကြည်ညိုတတ်ပုံ ကတော့ ချိးကျူး စရာပါပဲ ခင်ဗျား၊ အခုလို ခေတ်ပျက်ကြီးမှာ ဒီလောက် ဘုရားတရားကို စိတ်ဝင်စား တတ်တဲ့ ကလေးမျိုး တွေ့ရတာ သိပ်ကောင်းတာပေါ့ ခင်ဗျာ" ၊ အီမန်ကြီး နဲ့ ဘုန်းတော်ကြီး ကလည်း ခေါင်းညိတ်ပါသည်။ " ဒါပေမယ့် သူက ဟိန္ဒူကော၊ ခရစ်ယန်ကော၊ မူဆလင်ကော တော့ မဖြစ်နိုင် ဘူးခင်ဗျ၊ လုံးဝ ကို မဖြစ်နိုင်ပါဘုး၊ သူတခု ကို ရွေးရပါလိမ့်မယ်"

"'ဒီဥစ္စာ ပြစ်မှုတော့ မဟုတ်ဘူး ထင်ပါတယ်၊ ဒါပေမယ့် ခင်ဗျားပြောတာလဲ မှန်တယ် ထင်ပါတယ်" လို့ အဖေ က ပြန်ပြောလိုက်ပါတယ်။

သုံးယောက်စလုံး တိုးတိုး တိုးတိုး ရေရွတ်ကြပြီး တော့ အဖေ လုပ်သလို ကောင်းကင်ကို မော့ကြည့် ကုန်ကြပါတယ်၊ ကောင်းကင်ကပဲ ဆုံးဖြတ်ချက် ကျလာတော့မယ့် ပုံပါ။ အမေ က ကျွန်တော်ကို ကြည့်လိုက်ပါတယ်။ တိတ်ဆိတ်ခြင်းဟာ ကျွန်တော့်ပခုံးတွေပေါ်ကို လေးလံစွာ ကျရောက်လာပါတော့တယ်။

"ကဲ၊ ပစ်ဆင်း" အမေက ကျွန်တော့်ကို အသာလေး တွန်းလိုက်ပြီး " အဲဒီ ( ရွေးတဲ့) ကိစ္စ သား ဘာပြောချင်လဲ"

"ဘာဘူကြီး ဂန္ဒီ က ဘာသာအားလုံးဟာ မှန်တာချည်းပဲ လို့ ပြောတယ်လေ၊ သားက ဘုရားကို ကြည်ညိုချင်တာပါ" လို့ လွှတ်ကနဲ ပြောလိုက်မိပြီး ၊ မျက်နှာလည်း ရဲပြီး ခေါင်းကို ငုံ့ထားလိုက်မိပါတော့တယ်။

ကျွန်တော် ရှက်သွားတာဟာ အားလုံးကို ကူးစက်သွားပါတယ်။ ဘယ်သူမှ ဘာမှ မပြောကြတော့ပါဘူး။ ဖြစ်ချင်တော့ ကျွန်တော်တို့ရောက်နေတဲ့နေရာက တာလမ်းမပေါ်က ဂန္ဒီကြီး ရုပ်ထု ရှိတဲ့ နေရာနဲ့ သိပ်မဝေးလှပါဘူး။ လက်ထဲမှာ တောင်ဝှေး နဲ့၊ နှုတ်ခမ်းမှာ မှင်စာအပြုံးလေး နဲ့ မျက်လုံးမှာ အရောင်လက်လို့ မဟတ္တမ တယောက် လမ်းလျှောက်နေပါတယ်။ ကျွန်တော်တို့ တတွေ ပြောစကားတွေကို သူများ ကြားသွားလား ၊ ပြောစကားတွေထက် ကျွန်တော့် နှလုံးသားကို သူ ပိုအလေးထား နားများထောင်နေလေ သလားလို့ စိတ်ကူးယဉ် မိပါတယ်။ အဖေ က လည်ချောင်းတချက်ရှင်းလိုက်ပြီး အသံတိမ်တိမ်နဲ့ "ဒါ ကျွန်တော်တို့ အားလုံးကြိုးစားနေတဲ့ ဘုရားကို ကြည်ညို ကြဘို့ပဲ ထင်ပါတယ် ဗျာ" လို့ ပြောလိုက်ပါတယ်။

ကျွန်တော်လူမှန်း သိတတ်စ ကတည်းက ဘုရားကျောင်းထဲကို တလေးတနက် ထားပြီး ခြေမချဘူးတဲ့ အဖေက အဲဒီလိုပြောလိုက်တာ့ ရီတော့ ရီချင်သား။ ဒါပေမယ့် အဲလိုပြောလိုက်တာ အလုပ်ဖြစ်သွားတယ်။ ကလေးက ဘုရားကြည်ညိုတာကို အပြစ်ပြောလို့ မရဘူးလေ။ ဆရာကြီး သုံးယောက်လည်း မျက်နှာမှာ မကြည်သာတဲ့ အပြုံးသေတွေနဲ့ ထွက်သွားကြပါတော့တယ်။

အဖေက ကျွန်တော့်ကို တခုခု ပြောတော့မည့်ပုံနဲ့ ကြည့်နေပြီးမှ အိုင်ဒီယာ ရသွားပြီး " ဘယ်သူ ice-cream စားကြဦးမလဲ" လို့ မေးပြီး ဘယ်သူမှာ ဘာမှ ပြန်မပြောခင် အနီဆုံး ice-cream ဆိုင် ဘက် လှည့်သွားပါတော့တယ်။ အမေ ကတော့ ကျွန်တော်ကို ကြင်နာတဲ့၊ ဘာကောင်မှန်းမသိတဲ့ အကြည့်နဲ့ ကြည့်နေပါတယ်။

ဒါကတော့ ကျွန်တော့် အတွက် ဘာသာပေါင်းစုံ ဆွေးနွေးပွဲ မိတ်ဆက်ပါပဲ။ အဖေက ice-cream နဲ့ sandwiches တွေ ဝယ်လာပါတယ်။ ကျွန်တော်တို့လည်း အရင်နေ့တွေလို မဟုတ်ပဲ တိတ်တိတ်ဆိတ်ဆိတ် မုန့်စားရင်းနဲ့ တနင်္ဂနွေ လမ်းလျှောက်တာကို ဆက်ခဲ့ကြပါတယ်။

Note: ဘုရားသခင်က တမန်တော် တယောက်လွှတ်လိုက်ရင် သူလွှတ်လိုက်တာမှန်း သိသာအောင် အဲဒီ တမန်တော်ကို တန်ခိုးတချို့ ပြခွင့်ပေးလေ့ရှိတယ်လို့ ခရစ်ယန် တွေက ယုံကြည်ကြတယ်။

Friday, March 1, 2013

S-Pass သတင်း


25 Feb မှာ ဘဏ္ဍာရေး ဝန်ကြီး က ၂၀၁၃ အတွက် Budget ကို ကြေငြာလိုက်တယ်။ ဆင်းရဲ ချမ်းသာ အရမ်းကွာလာ လို့ သူဌေးတွေ ဆီက ပိုက်ဆံ ပိုကောက်ပြိး ချို့တဲ့သူတွေကို ပိုပေးမယ်။ ၂၀၁၀ ကနေ စ လာတဲ့ နိုင်ငံခြားသား အလုပ်သမား လျော့ချရေးကိုလည်း အရှိန်မြှင့်လိုက်တယ်။

SME ( small and medium enterprise ) ဆိုတဲ့ လုပ်ငန်းသေးလေးတွေက လစာများပြီး၊ အလုပ်သက်သာ မှလုပ်ချင် တဲ့ စလုံးတွေကို သိပ်များများ မခန့်နိုင်လို့၊ ဈေးပေါတဲ့ နိုင်ငံခြားသား အလုပ်သမား တွေပဲ အားကိုးနေရတယ်။ သူတို့ SME တွေကိုညှာနေရလို့ နိုင်ငံခြားသား သိပ်မလျော့ နိုင်ဘူး။ အခုတော့ ပြည်တွင်းမှာ ပြည်သူတွေ ဖိအားပေးတာ များလာလို့ SME တွေကို မညှာနိုင်တော့ဘူး။ အခု သူတို့ကို ၃ နှစ် အချိန်ပေးမယ်။ ၃ နှစ်အတွင်း အလုပ်သမား လိုအပ်ချက်ကို လျော့ချနိုင်အောင် ( productivity တိုးလာအောင် ) နည်းလမ်းတွေ ရှာကြပါ ( ဥပမာ ပန်းကန်ဆေးစက် ဝယ်သုံးတာမျိုး ) ။အဲဒီ နည်းလမ်းသစ်တွေအတွက် ရင်းနှီးမြှပ်နှံမယ် ဆိုရင် ကိုယ် ကုန်သလောက် ကို အစိုးရကလည်း လိုက်စိုက်ပေးထားမယ်။ ကြားထဲမှာ ဈေးကြီးတဲ့ စ လုံး အလုပ်သမားတွေကို ခန့်ပါ။ သူတို့ လစာ တဝက်လောက်ကို အစိုးရ က စိုက်ထားပေးမယ် ( ၃ နှစ်ကျော်ရင်တော့ ကိုယ့်အိတ်ထဲကပဲ ပေးပေတော့ )။ ၃ နှစ်အတွင်း နိုင်ငံခြားသား အလုပ်သမား ခန့်ဖို့ လိုအပ်ချက်တွေကိုလည်း တဖြည်းဖြည်း ချင်း မြှင့်သွားမယ်။ ၃ နှစ်ပြည့်လို့မှ မလိုက်နိုင်ရင်တော့ လုပ်ငန်း ပိတ်ချင်လည်း ပိတ်၊ တခြားလုပ်ငန်းတွေနဲ့ သွားပေါင်းချင်လည်း ပေါင်း၊ နိုင်ငံခြား ရွှေ့ချင်လည်း ရွှေ့တော့ လို့ ပြောလိုက်ပါပြီ ။

အခု ဇူလိုင် ၁ ရက် နေ့က စပြီး အသစ်တင်တဲ့ S-Pass တွေ အတွက် အနိမ့်ဆုံး လစာကို ၂၂၀၀ သတ်မှတ်လိုက်ပြီ ( အရင်က ၂၀၀၀ )။ ဒါက လူသစ်တန်း။ ဝါရင့် အသက်ကြီးတဲ့ အလုပ်သမားတွေဆိုရင် အဲဒီ အနိမ့်ဆုံးထက် ဝါအလိုက် ပိုများရမယ်။ တနှစ်ပိုဝါကြီးရင် ဘယ်လောက်ပိုများရမလဲ ဆိုတာကိုတော့ လျှို့ဝှက်ထားတယ် ( မနှစ်က Jan 2012 မှာ E.P ကို အဲလို သတ်မှတ်လိုက်လို့ တချို့ အသက်ကြီး ပြီး လခ နည်းတဲ့ EP သမားတွေ Reject ဖြစ်ပြီး S-Pass ကို ပြောင်းလိုက်ကြရတယ် )။ အခု လက်ရှိ S-Pass သမား ( စုစုပေါင်း တသိန်းလေးသောင်း ရဲ့ တဝက် ) ခုနှစ်သောင်းဟာ လက်ရှိသက်တမ်းကုန်လို့ သက်တမ်းတိုးရရင် Reject ဖြစ်နိုင်တယ်လို့ MOM က ပြောကြားတယ် ဆိုပြိး ဒီနေ့ သတင်းစာမှာ ပါတယ်။ ( squeeze on 70,000 mid-skilled foreigners ; 28 Feb 13, Strait Times )

သတင်းစာကို scan ဖတ်ပြီး ဒီမှာ တင်ထားတယ်။
http://www.mediafire.com/view/?92cucxg711vbgv1

Budget အသေးစိတ်ကို ဒီမှာ ဖတ်လို့ ရတယ်။
http://app.singaporebudget.gov.sg/budget_2013/default.aspx

MOM က လုပ်လိုက်တဲ့ အပြောင်းအလဲ တွေကို ဒီမှာ ဖတ်လို့ ရတယ်။ Appendixes တွေမှာ definiton တွေ၊ ပုံတွေနဲ့ သေချာ ရှင်းပေးထားတယ်။
http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listid=484

ဘာသာရေး ယုံတဲ့လူတွေ များလွန်းလို့ မယုံတဲ့ဘက်က တင်လိုက်တယ်

(ကလေးတောင် သိတယ်)

Sunday School မှာ ဘာတွေသင်လိုက်လဲလို့ အမေ က သူ့သားလေး ပီတာ ကိုမေးတယ်။ ပီတာ က “အီဂျစ်မှာ ပိတ်မိနေတဲ့ ဂျူးတွေကို ကယ်ထုတ်လာဖို့ ဘုရားသခင်က မိုးဆက် ကို ရန်သူ့နောက်တန်း အထိ လွှတ်လိုက်တဲ့ အကြောင်း သင်တယ် မေမေ။ မိုးဆက်ရဲ့ အင်ဂျင်နီယာတပ်က ပင်လယ်ဖြတ်တဲ့ ယာယီ တံတား ထိုးပေးပြီး ဂျူးတွေ ဟိုဘက်ကမ်းကို ကူးကြတယ်။ သူတို့ဖြတ်ပြီးတာနဲ့ ဌာနချုပ်ကို walkie-talkie နဲ့ အကြောင်းကြားပြီး တံတားကို လေယဉ်တွေနဲ့ ဗုံးကြဲပြီး ဖျက်ပစ်လိုက်တယ်။ ဒါနဲ့ ဂျူးတွေ လွတ်သွားရော” လို့ ပြောပြတယ်။ “ဟဲ့ ၊သား၊ နင့်ဆရာမ တကယ် ဒီအတိုင်းပဲ သင်လို့လား၊ မေမေ အခု သူ့ကို ဖုံးဆက်ပြီး မေးလိုက်ရမလား” လို့ ပြောလိုက်တော့ “ဟာ၊ မေမေကလည်း ၊ ဆရာမ ပြောတဲ့ အတိုင်း ပြန်ပြောရင် မေမေ ယုံမှာ မဟုတ်ဘူး” လို့ ကလေးက ပြန်ပြောသတဲ့။



(ယုံမှာပဲ၊ မတားနဲ့)

ပန်းခြံထဲက ခုံတန်းတခုမှာ ထိုင်နေတဲ့ လူငယ် တယောက်ဟာ သူဖတ်နေတဲ့ သမ္မာကျမ်းစာ စာအုပ်ကိုပိတ်လိုက်ပြီး “ဘုရားသခင်ဟာ တန်ခိုးအလွန်ကြီးတော်မူပါပေတယ်” လို့ အကျယ်ကြီး အော်ပြီး ချီးကျူးသတဲ့။ စာအုပ်ထဲ ဘာတွေ တွေ့လို့လဲဗျ ဆိုပြိး သူနဲ့ တခုံတည်း ထိုင်နေတဲ့ သိပ္ပံပညာရှင် က မေးလိုက်တော့ “ဒီမှာဗျာ၊ တနိုင်ငံလုံးက ဂျူးတွေအကုန်လုံး ဖြတ်လို့ရအောင် ဘုရားသခင် က ပင်လယ်ကြီးကို နှစ်ခြမ်းခွဲပေးလိုက်တယ် လို့ ပါတယ်ဗျ” ဆိုပြိး ဂုဏ်ယူဝင့်ကြွားစွာ ပြန်ပြောသတဲ့။ ဒီတော့ ပညာရှင် က “ဒါတွေက သိပ္ပံနည်းနဲ့ ရှင်းပြလိုက်ရင် အလွယ်လေးပါ၊ အဲဒီခေတ်တုံးက အဲဒီ ပင်လယ်ဟာ တဆယ် လက်မ ပဲ နက်သေးတယ် ဆိုတာ တွေ့ရတယ်ဗျ၊ အဲဒါကြောင့် အသာလေး ဖြတ်လျှောက်သွားလို့ ရတာပေါ့” လို့ ရှင်းပြလိုက်သတဲ့။ လူငယ်လည်း တခါတည်း စကားမပြောနိုင်တော့ပဲ သမ္မာကျမ်းစာ စာအုပ်ကိုပဲ စိုက်ကြည့်နေတော့တယ်။ ပညာရှင် က ငါ ရှင်းလိုက်တာ တောသားလေးတော့ ငိုင်ကျ သွားပြီဆိုပြိး သဘောတွေ ကျပြီး ခုံက ထ ထွက်သွားလိုက်တယ်။ သူ လျှောက်လို့ နှစ်လှမ်းလောက်ပဲ ရှိသေးတယ် ကောင်လေးက “ဘုရားသခင်ဟာ တန်ခိုးအလွန်ကြီးတော်မူပါပေတယ်” လို့ အကျယ်ကြီး ထပ်အော်လိုက် သတဲ့။ ဒါနဲ့ ကမန်းကတန်း ပြည်လှည့်သွားပြီး “ဘာထပ်တွေ့လို့လည်းဗျ” လို့ မေးလိုက်တော့ “ခင်ဗျား စဉ်းစားကြည့်လေ၊ ဂျူးတွေကို ကယ်လိုက်ရုံတင် မကဘူး၊ နောက်က လိုက်လာတဲ့ အီဂျစ် စစ်တပ်ကြီး တခုလုံးကိုလည်း ဆယ်လက်မ လောက်ရေထဲမှာ နစ်သေကုန်အောင် လုပ်လိုက်တာ၊ တန်ခိုးကြီး လိုက်တာဗျာ” လို့ ပြောပါသတဲ့။







(လွယ်လွယ် မယုံတတ်သူ)

ပြင်သစ်တော်လှန်ရေးကာလ လူတွေ တယောက်နဲ့ တယောက်စွပ်စွဲပြီး ခေါင်းဖြတ်နေတဲ့ ခေတ်က တရက်မှာ ဂျူးဘုန်းကြီး တပါး၊ ခရစ်ယန် ဘုန်းကြီး တပါး နဲ့ ဘာသာမဲ့ တယောက်ကို သတ်ဖို့ အလှည့်ကျ သတဲ့။

ဂျူးဘုန်းတော်ကြီးက ရဲဝင့်စွာနဲ့ ခေါင်းဖြတ်စက် ရှေ့ကို လျှောက်သွားတယ်၊ နောက်ဆုံး ပြောချင်တာ ပြောပါ ဆိုတော့ “ကျုပ်ဟာ တပါးတည်းသာရှိသော ဘုရားသခင်ကို ကိုးကွယ်တဲ့သူ ဖြစ်တယ်၊ ကျုပ်ကို ဘုရားသခင် ကယ်လိမ့်မယ် လို့ ယုံကြည်တယ်” လို့ ပြောပြိး လည်စင်းပေးတယ်။ ခလုပ်ကိုလည်း ဆွဲချလိုက်ရော ဓါးကြီးက ဝုန်းကနဲ ကျလာပြီး လည်ပင်း နဲ့ ထိဖို့ လေးလက်မ လောက် အလိုမှာ ဒုန်းကနဲ ရပ်သွားတယ်။ ဘုန်းတော်ကြီး က “မင်းတို့ကို ငါမပြောဘူးလား” လို့ တောင် ပြောလိုက်တယ်။ လူတွေကလည်း “ဘုရားသခင် တန်ခိုးပြပြီ၊ ဘုရားသခင် တန်ခိုးပြပြီ” လို့ ဝိုင်းအော်ကြတယ်၊ ပါးကွက်အာဏာသား လည်း ဟုတ်တယ် ဆိုပြိး ဘုန်းကြီးကို လွှတ်ပေးလိုက်ရတယ်။

နောက်အလှည့်ကျတဲ့ ခရစ်ယန် ဘုန်းတော်ကြိးကလည်း “ငါသည် ယေရှု ခရစ်တော်ကို ယုံကြည်တဲ့ အတွက်၊ သားတော်၊ဖခင် နဲ့ သန့်ရှင်းသော ဝိညာဉ် တော်တို့ ကျွန်ုပ်အား ကယ်တော်မူပါ” လို့ ဆုတောင်း ပြိး ခေါင်းဖြတ် ခံတယ်။ ဒီတခါလည်း ဒါးက လည်ကုပ် နား မရောက်ခင် ကလေး ကပ်ရပ်သွားပြန်သတဲ့ ။ လူတွေက “နောက်တခါ ပြပြန်ပြီ ၊ နောက်တခါ ပြပြန်ပြီ” လို့ ဝိုင်းအော် ကြတာနဲ့ ခရစ်ယန် ဘုန်းတော်ကြိးကိုလည်း အသက် ချမ်းသာ ပေးလိုက်ကြပြန် သတဲ့။

ဒါနဲ့ သူ့အလှည့်ကျလာတဲ့ ဘာသာမဲ့ ကိုလည်း “နောက်ဆုံးစကား ဘာပြောချင်လဲ” မေးရပြန်တာပေါ့။ ဘာသာမဲ့က တော်တော်နဲ့ ပြန်မဖြေဘူး၊ စိုက်ကြည့်နေတယ်။ နောက်မှ ဝမ်းသာအားရ ပြောသတဲ့၊ “ ဟေ့ ကောင်တွေ၊ ဘာ ဘုရား မှ မ တာ မဟုတ်ဘူး၊ ဟိုမှာ သေချာကြည့်၊ ဂီယာ ညပ်နေတာ တွေ့လား” တဲ့ ။